အများစုက မေးလေ့ရှိတယ်ဗျ။ Google Play က
Apk စစ်တွေကို PC ကနေ ဘယ်လိုဒေါင်းရမလဲ။ ဘယ်လိုဒေါင်း ရတယ် ဆိုတာ မပြောခင်
ဒီ Tutorial နဲ့ ပက်သက်ပြီး မရှုပ်ထွေးရအောင် အစီစဉ်တွေကို အရင်
ရှင်းပြသွားမှာပါ။
Android ကိုင်တဲ့ သူအားလုံးက တခြား Store
တွေထက် လိုချင်တဲ့ application တွေ၊ ဂိမ်းတွေ၊ widget တွေ၊ Wallpaper တွေ
စသည်ဖြင့် ပေါ့ဗျာ။ ပိုက်ဆံပေးရတာပဲဖြစ်ဖြစ်၊ မပေးရတာပဲ ဖြစ်ဖြစ် Google
Play က ဒေါင်းရတာကို ပိုပြီးစိတ်ချကြတယ်၊ ပိုပြီးလည်း ကြိုက်ကြတယ်။
အဲ့ဒီလို အချိန်မှာ ကိုယ်က Android ကိုသုံးပြီး Download မယ်ဆိုရင်တော့
ဘာမှ ရှုပ်ထွေးစရာလည်း မရှိဘူး။ ဒီလိုမှမဟုတ်ပဲ PC သုံးနေရာကနေ ဒေါင်းချင်
တယ် ဆိုရင်တော့ ကျွန်တော် အောက်မှာ ဖော်ပြပေးထားတဲ့ အဆင့်တွေအတိုင်း
ပြုလုပ်ပြီး ဒေါင်းယူနိုင်ပါတယ်။
ကျွန်တော် အခု စပြီး ဘာတွေလိုမယ်၊
ဘယ်လိုတွေ လုပ်ရမယ် ဆိုတာ စပြောပါမယ်။ ကျွန်တော့် Tutorial က သူများ
Tutorial တွေနဲ့တော့ သိပ်တူချင်မှ တူမယ်။ ဒါပေမယ့် အလုပ်တော့ ဖြစ်တယ်။
လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ မလိုရင်ပဲ ဖြစ်ဖြစ်ပေါ့၊ မစမ်းကြည့်ချင်ဘူးလား။
စမ်းကြည့်ချင်တယ် ဆိုရင်တော့ ရှေ့ဆက်ဖတ်ပေတော့။
လိုအပ်ချက်တွေ က ကော ဘာတွေလဲ။Type the rest of your post here.
သေချာတာက ကိုယ် သုံးနေတဲ့ Computer က အင်တာနက် ချိန်ဆက်ပြီးသားဖြစ်ရပါမယ်။ ပြီးတော့ Real Apk Leacher ဆိုတာရယ်။ ဒီနေရာ မှ တဆင့် ဒေါင်းလော့ဒ် လုပ်ယူနိုင်ပါတယ်။ အဲ့ဒီ Real Apk Leacher အလုပ်လုပ် ဖို့အတွက်java runtime environment 1.5.0 ကို ဒေါင်းယူပါ။
ကဲ..ဒီလောက် ဆိုအားလုံးအဆင်အသင့်ဖြစ်ပြီးလို့ ထင်ပါတယ်။ ထပ်ဆက်ရအောင်။
အပေါ်က ကျွန်တော် ပြောခဲ့တဲ့ Real Apk Leecher ကိုဒေါင်းပြီးပြီ ဆိုရင် ဖြည်လိုက်ပါ။
အထဲမှာ .exe ဖိုင် တစ်ခုပဲ ရှိပါတယ်။
မမေ့ဖို့တစ်ခုက ကျွန်တော်တို့ Real Apk Leecher ကို အသုံးပြုနိုင်ဖို့
ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း JRE 1.5.0 ကို ကိုယ့်စက်မှာ run ပြီးသား
ဖြစ်ရပါမယ်။
အဲ့ဒီ tool သုံးဖို့အတွက် ကိုယ့် Android
Device အတွက် အသုံးပြုထားတဲ့ account နဲ့ Device ရဲ့ ID လိုအပ်ပါတယ်။ Real
Apk Leecher ကို ပထမဦးဆုံးအကြိမ် စဖွင့်ပြီဆိုရင် email၊ password နဲ့
Device ID ရယ် ဆိုပြီး အဲ့ဒီသုံးခုကို ဖြည့်ပေးရပါမယ်။ Device ID ကို
ကျတော့ ဘယ်လိုရနိုင်မလဲ။ ကိုယ့် Device မှ Dial Pad
ကိုဖွင့်လိုက်ပါ(ဖုန်းခေါ်ဆိုမှု ပြုလုပ်သည့်နေရာ)၊ ပြီးရင် *#*#8255#*#*
ဆိုတဲ့ Code ကို ရိုက်ထည့်ပြီး Dial လုပ်လိုက်ပါ။ Gtalk Service Monitor
ဆိုတာ တက်လာပါလိမ့်မယ်။ jid နဲ့ id ဆိုတဲ့ လိုင်းကို ရှာပါ။ Jid မှာက
ဖော်ပြပေးထားမှာ ကိုယ့် email ဖြစ်ပြီ၊ ID မှာဖော်ပြပေးထားတဲ့ android-
ဆိုတဲ့ prefix ရဲ့ နောက်က ဂဏန်းတွေက ချဲဂဏန်းမဟုတ်ပါ၊ ကိုယ့် Device ရဲ့ ID
ပါ။ အဲ့ဒီ လုပ်လို့မှ အဆင်မပြေဘူးဆိုရင် Device ID ဆိုတဲ့ application ကို
ဒီနေရာ မှ ဒေါင်းယူပါ။
ပြီးရင် ကိုယ့် Device မှာ Install လုပ်ပြီး၊ ဖွင့်လိုက်ရင် Device ID
ကိုရပါလိမ့်မယ်။ ပြီးတော့ Email ဆိုတာနဲ့ပက်သက်ပြီး နည်းနည်း ထပ်ရှင်းဖို့
လိုအပ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ ဖြည့်ရမယ့် Email က ကိုယ့် Device ရဲ့ Main
Email ဖြစ်ရပါမယ်။ ဒါလေးတစ်ခုတော့ သတိရှိရပါမယ်။
ဖြည့်စရာ ရှိတာ ဖြည့်ပြီးရင်တော့ စတင်
ရှာဖွေ၊ ဒေါင်းယူ၊ ကိုယ့် Device ထဲသို့ ကူးယူ၊ တပ်ဆင်ပြီး
အသုံးပြုနိုင်ပါပြီး။ အဲ့ဒီလို မဟုတ်ဘူး၊ ကိုယ့် Store မှာ
ယုံကြည်စိတ်ချရတဲ့နေရာက မှ ပြန်လည် မျှဝေပေးချင်သူတွေ အတွက်လည်း
အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။
Credit to မောင်သက်
ကဇွန်းမသား ဖြည့်စွက်ချက်1.Real APK Leecher ဒေါင်းရန် အတွက် လင့်နှစ်ခုမှာ ထပ်တင်ပေးထားတယ်
No comments:
Post a Comment