Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Thursday, January 10, 2013

ှုIP address ကြည့်ပြီး ဘယ်ကချက်တာလဲရှိုးကြမယ်


IP ဆိုတာဘာလဲ.. ဒါတော်တော်များများမေးထားတယ် လက်တွေ့သင်တို့သုံးနေတဲ့ အိမ်မှာ သင့်ရဲ့ ကွန်ပျူတာနှင့်နက်ဝေါ့ ချိတ်ဆက်ထားတဲ့ လိပ်စာလို့ပဲ အလွယ်ဆုံး ပြောချင်ပါတယ်.. သင့်ရဲ့ နက်ဝေါ့လိပ်စာပေါ့ဗျာ.. အရင်နေ့က ကျွန်တော် အိုင်ပီသိရင် သင့်သယ်ရင်း ဘယ်မြို့မှာရှိလဲ ကြည့်ရအောင်လို့ တင်ပေးခဲ့ပါတယ်..တော်တော်များများ အိုင်ပီကို ဘယ်လိုဖော်မလဲ မသိလို့ ကျွန်တော် အလွယ်ဆုံး နည်းကို ပြောပြသွားပါ့မယ်.. ခုတင်မယ့်အချိန်မှာပဲ လက်တွေ့ လုပ်ပီးမှ တင်လိုက်တာပါ..ဒီထဲ မှာ နောက်ဆက်တွဲ တစ်ခုကိုပါ ပြောပြသွားပါ့မယ်.. အဲဒါက အိုင်ပီနဲ့ ဆက်စပ်သလို.. သင့်ဂျီမေလ်းကိုသူများဖွင့်သုံးထားမထားနဲ့ ယခုသင်စစ်လိုက်တဲ့အချိန်မှာ သုံးနေခဲ့ရင်လည်း ပိတ်လို့ရမယ့် နေရာတစ်ခုဖြစ်ပါတယ်.. အနော် တော်တော်လေးနားလည်အောင်ပြောပြထားပါတယ်နော် သေချာဖတ်ပေးစေချင်ပါတယ်.. နားလည်စေချင်လို့ပါ..

    ကဲစရအောင်... သင့်မေလ်းကို အရင်ဖွင့်ပါ.. သင့်မေလ်းရဲ့အောက်ဆုံးမှာ details ဆိုတာလေးကို တွေ့ပါလိမ့်မယ်.. အဲဒါကိုကလစ်ပေးပါ..   သင်သုံးခဲ့တဲ့ အချိန်တွေနဲ့ အိုင်ပီကို တွေ့ရပါလိမ့်မယ်.. အကယ်၍ သင်က တစ်ခြားဆိုင်မှာ သုံးခဲ့တယ်ဆိုရင် အိုင်ပီမတူတာကိုတွေ့ရပါလိမ့်မယ် .. အကယ်၍ သင်တစ်ခြားဆိုင်မှာ စောစောပိုင်းသုံးခဲ့မယ်ဆိုရင်လည်း ဖော်ပြပေးထားတာကိုတွေ့ရပါမယ်..  သင့်အကောင့်ကို သူများသုံးနေခဲ့မယ်ဆိုရင်လည်း အဲဒီထဲမှာ ဘယ်နိုင်ငံက သုံးခဲ့လဲဆိုတာ ဖော်ပြထားပါ့မယ်.. ဆိုင်မှာ သုံးလို့ ကျန်ခဲ့လို့ဖြစ်စေ .. သင့်သူငယ်ချင်းလက်ရှိတစ်ခြားနေရာမှာ သုံးနေလို့ဖြစ်စေ .. ကိုယ်ကမကြိုက်ရင် သင့်ဆီမှ ပိတ်လို့ရပါတယ်.. ဘယ်လိုပိတ်မလဲ လွယ်ပါတယ် ထိပ်နားလေးမှာ.. Sign out all other sessions ဆိုတာလေးကို ကလစ်လိုက်ပါ.. ကျန်တဲ့အကောင့်မှန်သမျှ အကုန် ပိတ်ကုန်ပါလိမ့်မယ် အဲဒီအချိန်မှ သင်က ပတ်ဝေါ့ပြောင်းလို့ ရပါပီ.. ဆိုင်တွေမှာ အကောင့်ကျန်တာနဲ့ပတ်သက်လို့ စိုးရိမ်းစရာအများကြိးရှိပါတယ်.. သင့်ပတ်ဝေါ့ကို password viewer ဆိုတဲ့ဆော့ဝဲလ်နဲ့ဖော်ကြည့်လို့ရပါတယ်.. အနော်ကတော့ လမ်းပေးတာဟုတ်ဘူးနော် ကျန်မှာစိုးလို့ပြောပြတာ .. အနော်လည်း သူများဟာတွေကြည့်ဖူးတယ် ဒါပေမယ့် တစ်ခါမှဖြတ်ခဲ့ပါဘူး.. စာနာလို့လေ.

      ကဲ သင်တစ်ခြားတစ်ယောက်ရဲ့ လိပ်စာကို သိချင်ရင်တော့ ကိုယ့်ဆီကလည်း နည်းနည်းတော့ ရင်းရပါမယ်.. အဲဒါကတော့ ဂျီမေလ်းအသုံးပြုရ မျှားခြင်းပါ.. ဘယ်လိုမျှားမလဲ.. သုံးရင်တော့ အရန် second gmail ကို ဆောင်ထားပ၊ီးသုံးသင့်ပါတယ်.. သင်မသုံးတဲ့ သင့်ဂျီမေလ်းတစ်ခုကို သင်သိချင်တဲ့သူကို ပတ်ဝေါ့ပေးပီး ဖွင့်ခိုင်းလိုက်ပါ.. အကူအညီလိုလို့လို့တော ယုံအောင်ပြောတက်ဖို့လည်းလိုပါတယ်.. ဒါကတော့ တော်ကီလိုတာပေါ့နော်.. သူသင့်အကောင့်ဂျီမေလ်းကိုဖွင့်တာနဲ့ သင့်အတွက်ရပါပီ.. အပေါ်ကအတိုင်း သင်လည်း လိုက်လုပ်လိုက်ရုံပါပဲ.. သယ်ရင်းတို့နားလည်လောက်ပီလို့ ထင်ပါတယ်.. နောက်ထပ် အိုင်ပီရှာနည်းကိုလည်း တင်ပေးပါဦးမယ်
IP သိရင် သင့်လူ ဘယ်မြို့ကနေ ချက်နေလဲဆိုတာ ကြည့်လို့ရပါတယ်.. ကံကောင်းရင် မြေပုံလေးနဲ့တောင်ဖော်ပြပေးထားပါတယ် .. အောက်က လင့်ခ် မှာ ကလစ်လိုက်ပီး ဆိုဒ်ကျလာရင် သယ်ရင်းရဲ့ အိုင်ပီ ကို ကော်ပီထည့်ပီး ရှာဖွေပေးလိုက်ရင် အတိအကျ ပေါ်လာပါလိမ့်မယ်.. နော် အကယ်၍ အိုင်ပီလည်း အဖော်တက်ဘူး ဆိုရင်တော့ ကော့မက်ပေးခဲ့နော်..တာ့တာ အောက်မှာ ကလစ်ရန်.... http://www.geobytes.com/IpLocator.htm?GetLocation

No comments:

Post a Comment