ကွန်ပြူတာကို
စတင် လေ့လာမည့်သူများအတွက် Rss ဆိုတာ ...အသေးစိတ်မဟုတ်တောင်
အကြမ်းဖျဉ်းလောက်တော့ ပြန်လည် ရှင်းပြပေးထားလို့ RSS အကြောင်း သိချင်ရင်
လေ့လာလို့ ရပါတယ် ခင်ဗျာ .. ။
RSS
ဆိုတာ File တစ်ခုပါပဲ။ သူရဲ့အရှည်ခေါက်က Really Simple Syndication လို့
ခေါ်ပါတယ်။RSS ဆိုတာ သန်းပေါင်းများစွာသော user များက မိမိတို့နှစ်သက်ရာ
website များရဲ့ update news များကို စောင့်ကြည့် ဖတ်ရှုသည့်
နည်းစနစ်တစ်ခုဖြစ်ပြီး ၊ user များအနေနဲ့ ကိုယ်ပိုင် website များ page
များ ဖန်တီး နိုင်တဲ့ web 2.0 စနစ်ပီပြင်လာတဲ့ ယနေ့မှာ RSS စနစ်ဟာလဲ
တွင်ကျယ်လာပါတော့တယ်။
RSS
မှာ အကျဉ်း ချုပ် (summary) မျှသာ ပါဝင်နိုင် သလို အခြား နောက်ဆုံးရ
သတင်းအချက်အလက်အပြည့်အစုံလဲ ပါဝင်နိုင်ပါတယ်။ဒါပေမဲ့ ဒီပေါ့ပါးပြီး
လျှင်မြန်မှု့ကို ပေးစွမ်းနိုင်တဲ့ အကျဉ်းချုပ်
ဖော်ပြချက်လေးတွေကိုကြည့်ရှုပြီး ဒီသတင်း အချက် အလက်တွေဟာ ကိုယ့်အတွက်
အသုံးဝင်မှု့ ရှိမရှိ ဆုံးဖြတ်နိုင်ပြီး .ချက်ချင်းဖတ်ရှုသင့်တဲ့ သတင်းအချက်
အလက် မျိုးလား ၊ အေးဆေးဆေးဆေးနဲ့ အချိန်ယူပြီး ဖတ်ရှုလေ့လာသင့်တဲ့
သတင်းအချက်အလက် မျိုးလား ဆိုတာ လွယ်ကူစွာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ် ။
ပုံမှန်အားဖြင့် RSS feed တစ်ခုမှာ မူလ website များမှ update လုပ်လိုက်တဲ့
သတင်း ခေါင်းစဉ်များ ပါလေ့ရှိပြီ ဒါဟာပဲ မူလ website ရဲ့လင့်ပဲဖြစ်ပါတယ် ။
ဖေ့ဘုတ်မှာ
ကျနော်တို့ကြိုက်နှစ်သက်သည့် Page များဂရုများမှ နည်းပညာ-အနုပညာ၊
အားကစား၊software upgrades,local news စတဲ့ မည်သည့် သတင်းပိုင်းဆိုင်ရာကို
မဆို အချိန်နဲ့ တစ်ပြေးညီဖက်ခြင်းတယ်ဆိုပါက...အောက်ဓာတ်ပုံတွေနဲ့
ကျနော်ရှင်းပြပေးလိုက်ပါတယ်...
အခုဖော်ပြတာ မော်ဇီလာမှာ ပြုလုပ်တဲနည်းပါ..
အဆင့်-၁အဆင့်-၂
အဆင့်-၃
အခုဖော်ပြမှာက Google Chrome မှာပြုလုပ်မယ့်နည်းလမ်းပါ
အဆင့်-၁အဆင့်-၂
အဆင့်-၃
အခုဆို RSS Icon လေကိုနှိပ်ပြီး အချိန်နဲ့ တစ်ပြေးညီဖက်လို့ရပါပြီး
No comments:
Post a Comment