Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Saturday, May 11, 2013

ကဇွန်းမရွာမှာကြုံတွေ့နေရတဲ့သောက်သုံးရေအခက်အခဲ

ကဇွန်းမရွာမှာတော့နှစ်စဉ် နွေရာသီရောက်တိုင်းသောက်သုံးရေရှားပါးလျှက်ရှိပါတယ်...ညနေရောက်တိုင်း
 ရွှေနံ့သာမော်တော်ယာဉ်လိုင်း ရဲ့ကူညီမှုနဲ့ အစုလိုက်အပြုံလိုက် ..သောက်သုံးရေခပ်ကြရတဲ့မြင်ကွင်းကလည်း ..နွေရာသီရဲ့မရိုးနိုင်တဲ့မြင်ကွင်းတစ်ခုလိုပါပဲ....




ရွာဦးကျောင်းထိုင်ဆရာတော် ဦးသူရိယ၊အကျိုးတော်ဆောင် ဦးကျော်မင်း၊ဦးအောင်ဖြိုး တို့ဦးဆောင်မှုနဲ့ ရေတွင်းများအကုန်အကျခံတူးဖော်သော်လည်း...ကျစ်ခဲများခံနေသဖြင့်...သုံးလေးနေ
ရာပြောင်းတူးဖော်သော်လည်း မရတဲ့ပြသနာနဲ့ရင်ဆိုင်နေရပါတယ်...


ရွာနှင့်ဝေးကွာတဲ့နေရာမှာတူးဖော်ရာမှာလည်း..ရွာထိပိုက်များသွယ်တန်းမှု..တူးမြောင်းများတူးဖော်မှုတို့နဲ့ အကုန်အကျများပြားနိုင်ပါတယ်
ဒါကြောင့်း စေတနာရှင် အလှူရှင်များအနေနဲ့   ...မိမိတို့တတ်နိုင်တဲ့နည်းလမ်းများနဲ့ကူညီလှူဒါန်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်
ဆက်သွယ်ရန်-ဆရာတော်ဦးသူရိယ(ကဇွန်းမဘုန်းတော်ကြီးကျောင်း)
                  ဖုန်း - ၀၉၄၇၂၀၈၆၁၃
ဦးမောင်ညို-ဖုန်း-၀၉၄၉၇၈၀၇၆၂
ဦးစိန်ဝင်း-၀၉၆၅၆၅၄၇၉
တို့မှာ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း....

No comments:

Post a Comment