Category 3
Tuesday, July 9, 2013
နိုင်ငံတော်ဘာသာနေ့
ထေရ၀ါရဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသား ရဟန်းရှင်လူများနှင့် ဘာသာရေး လူမှုရေး အသင်းအဖွဲ့များ အားလုံးခင်ဗျာ....ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုသတ်မှတ်မြဌာန်းခဲ့ခြင်း သည် ၅၂ မြောက်ခဲ့ပြီဖြစ်ပါသည်။
ထိုနေ့အထိန်းအမှတ်အနေနှင့် "နိုင်ငံတော်ဘာသာနေ့" အထိမ်းအမှတ်အခမ်းအနားများ ကျင်းပကြရမည်ဖြစ်ပါသည်.။
ရည်ရွယ်ချက်
၁။ အမျိုး-ဘာသာ-သသနာနှင့် နိုင်ငံတော်ကိုမြတ်နိုးတန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်လိုစိတ်များ နိုးကြားထက်သန်ကြစေရန်။
၂။ ယဉ်ကျေးသော ဘာသာတရားအဆုံးအမများကို လိုက်နာပြီး ကိုသိုလ်ကောင်းမှုများကိုဆောင်ရွက်နိုင်ကြစေရန်
၃။ ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်သော စိတ်ဓါတ်အင်အားကို မေတ္တာတရားဖြင့် တည်ဆောက်ပြီး ဘာသာအချင်းချင်း လေးစားသောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်။
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့-26.8.2013
*25.8.2013 နေ့ နံနက်ပိုင်းတွင် သာသနာ့အလံတော်များကို ကြိုတင်လွှင့်ထူကြရမည်။
*26.8.2013 နေ့တွင် ဥပုသ်သီတင်းဆောက်တည်ခြင်း အလှူဒါနများပြုလုပ်ခြင်း တိရိစ္ဆာန်များကိုဘေးမဲ့ပြုခြင်း၊ပရိတ်ပဌာန်းတရားတော်များ ရွတ်ဖတ်ပွားများခြင်း ၊ မေတ္တာဘာဝနာ စုပေါင်းပို့သခြင်း၊သြ၀ါဒခံယူပွဲများကျင်းပခြင်း၊ဓမ္မဟောပြောပွဲများ တရားပွဲများ ကျင်းပခြင်းကို စွမ်းနိုင်သမျှ ဆောင်ရွက်ကြရပါမည်။
*27.8.2013 နေ့မွန်းလွဲပိုင်းတွင် အလံတော်များကို ပြန်လည်သိမ်းဆည်းနိုင်ကြပါသည်။
{မူရင်းစည်းကမ်းချက်နှင့်အညီ ချုပ်လုပ်ထားသော သာသနာ့အလံတော်များကို မှာယူနိုင်ပါသည်}
ထေရ၀ါရဓမ္မကွန်ယက်--ဖုန်း--095142167။ 095127330။ 09450059582
Labels:
သာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment