Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Tuesday, July 9, 2013

မန္တလေးမြို့အလှူရှင်တစ်ဦးမှ ကဇွန်းမရွာတွင် ရေတွင်းတစ်တွင်းလှူဒါန်းသော်လည်း....

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမတိုက်နယ် ရဲ့ သောက်သုံးရေရှားပါးမှုဖြေရှင်းမှုတစ်ခုအနေဖြင့် မန္တလေး မြို့နေ  ဦးတင်မိုး+ဒေါ်မြနှင်းဝေ မိသားစု မှရေတွင်းတစ်တွင်းလှူဒါန်းရာ ကျောင်းတော်ဝန်းအတွင်း မှာ ရေတွင်းတူးဖော်ခဲ့
ပါတယ်။ ထိုသို့တူးဖော်တဲ့နေရာမှာ မန္တလေးမြို့မှ ရေးတွင်းတူးဖော်ရေးအဖွဲ့တစ်ဖွဲ့ကိုခေါ်ယူစေခဲ့ပါတယ် ... တူးဖော်စက်ကိုရွာအရောက်သယ်ယူရာမှာပင်  အကုန်အကျ များခဲ့ပါတယ်..


       ဦးဝင်းနိုင် နှင့်အဖွဲ့ တို့ ရေတွင်းတူးဖော်ကြရာမှာထူတဲလှတဲ့ကျစ်ထုကြီးကိုဖောက်ထွင်းတူးဖော်လာရာ  ပေ 767 ပေ သို့အရောက်မှာတော့   သဲကြော 14 ပေ ကိုတွေ့ရှိခဲ့ရပါတယ်။ ထိုသဲကြောကြီးကို ပိုက်ချပြီး မှုတ်ထုတ်တဲ့အခါမှာတော့ အခက်အခဲနဲ့တွေ့ရှိနေရပါတော့တယ် .... မှုတ်ထုတ်တဲ့နေရာမှာ သဲများပြိုလိုက်နေခြင်းဖြစ်ပါတယ်..ဒါကြော့င့် .. ဆက်လက်အကောင်အထည်ဖော်ဖို့ခဲရင်းနေပါတယ်... ရေရရှိမည် ထင်မြင်ချက် မှာလည်း လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်
 နှစ်စဉ် စာသင်ကျောင်းများဖွင့်ချိန်မှာ ရွာရေတွင်းများမှ ရေများရရှိနေပြီဖြစ်သော်လည်း ယခုနှစ်မှာတော့ စံချိန်တင်ရေရှားပါမှုကြောင့်ယခုထိပင် ရေခက်ခဲနေဆဲပါ....
    ကဇွန်းမရွာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း၊တိုက်နယ်ဆေးရုံ၊အထက(ခွဲ)ကျောင်း စသည့်ဌာနဆိုင်များ အပါအ၀င် လူဦးရေများစွာရှိရာ ရရှိသောရေနှင့် လောက်ငှရန် ကြိုးစားအားထုတ်လျှက်ရှိပါသည်....ညနေချိန်ရောက်တိုင်း ရွှေနံသာမော်တော်ယာဉ်အသင်းရဲ့ကူညီမှုနဲ့ ရေခပ်ဆင်း ချိန်ကတော့... "ပျိမေတစ်သင်း ရေးခပ်ဆင်း...." အစချီတဲံကဗျာလေးလိုတော့ ကဗျာမဆန်နိုင်ပါဘူးဗျာ...
    စေတနာရှင်အလှူရှင်    လူမှုအဇွဲ့အစည်းများနေနှင့်  ပါဝင်ကူညီလိုပါက မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမတိုက်နယ် -
        ဆရာတော်ဦးသူရိယ ဖုန်း-0947208613
        ဦးမောင်ညို- 0949780762
        ဦးစိန်ဝင်း-096565479 တို့ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ..ဒီပို့စ်ကိုဖတ်မိသူတွေအနေနဲ့လည်း မိမိတို့    Facebook မှာဖြစ်စေ အပြင်မှာပဲတစ်ဆင့်စကားနဲ့ဖြစ်စေ မိမိ blog ဆိုဒ်တွင်ဖြစ်စေ ပြန်လည်မျှဝေပေးကြပါလို့ နိုးဆော်အပ်ပါသည်ခင်ဗျား....
http://www.kazunmavillager.blogspot.com
apyatshin@gmail.com

" တိုင်းဌာနေ မကွေးပြည်မှာလ
  တည်ရှိပါတဲ့ တို့ဌာနီ
  ကြာပါပြီ ရေရှားတာက
  ခေါင်လှပါတဲ့ နွေရာသီ
  တို့မြန်ပြည် စေတနာရှင်အပေါင်းကိုလ
 ကျိုးပြန်စည် ဇွန်းရွာဖြိုးစေဖို့
 ရေကျိုးတော် လှူဒါန်းစေချင်တော့
 ကျိုးမျှော်ကာနိုးဆော်လိုက်တယ်
 လှမ်းခဲ့ကြလေး...''

No comments:

Post a Comment