Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Sunday, July 28, 2013

ရေရှားပါးမှုဖြေရှင်းခြင်းဆိုင်ရာ အသိပေးသင်တန်း (၆)ရက် ပြီးစီး




မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမတိုက်နယ်ဒေသ၌ နှစ်စဉ် ပြာသိုလမှ ၀ါခေါင်လအထိသောက်သုံးရေရှားပါးမှုပြဿနာများကြုံတွေ့လျှက်ရှိရာ UN-Habitat (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ရေရှားပါးမှုဖြေရှင်းခြင်းဆိုင်ရာ (၆)ရက်သင်တန်း များပို့ချပေးခဲ့ပါတယ်။။အဆိုပါသင်တန်းအား ၂၃.၇.၂၀၁၃ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့ရာ  သင်တန်းဆင်းပွဲကို ထိုနေ့မှာပင်ကျင်းပပြုလုပ်ခဲ့ပါတယ်..UN-habitat အဖွဲ့မှာ လှူဒါန်းသော ဂါလံ(၅၀၀၀)ဆန့် မိုးရေလှောင်ကန်ကိုလည်း အဆိုပါနေ့၌ပင် အပြီးသတ်နိုင်ခဲ့တယ်လို့သိရှိရပါသည်။
    ရွာနှင့်နှစ်မိုင်ဝေးသော နေရာတွင် ရေတွင်းတူးဖော်ပြီး ရွာသို့ ရေဖြန့်ဝေပေးနိုင်ရန် ပိုက်သွယ်တန်းခြင်း၊ဂါလံ(၅၀၀၀)ဆန့် ရေကန်တည်ဆောင်ခြင်း၊ လိုအပ်သည့်စက်ပစ္စည်းများတပ်ဆင်ခြင်း တို့ကို ပြီးစီးအောင်မြင်ခဲ့ပြီဖြစ်ရာ ရပ်ရွာအတွင်း သောက်သုံးရေ ဖူလုံစေရန်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။


No comments:

Post a Comment