Category 3
Wednesday, July 17, 2013
ကဇွန်းမတိုက်နယ်တွင်းရေတွင်းမအောင်မြင်မှု သိန်းလေးဆယ်ဆုံးရှုံး
ကဇွန်းမတိုက်နယ်တွင်း ရေရှားပါမှုဖြေရှင်းမှုတစ်ရပ်အနေဖြင့် မန္တလေးမြို့နေ ဦးတင်မိုး+ဒေါ်မြနှင်းဝေ မိသားစုတို့မှ သောက်သုံးရေတွင်းတစ်တွင်းတူးဖော်လှူဒါန်းစေခဲ့ပါသည်။ထိုသို့တူးဖော်ရာတွင် အနက်ပေ ၇၆၇ပေအရောက်တွင် သဲထု ၁၄ပေ တွေ့ရှိသဖြင့် ပိုက်ချပြီး ရေမှုတ်ထုတ်သော်လည်း ရေမထွက်သဖြင့် ငွေသိန်းလေးဆယ်ကျော် ဆုံးရှုံးခဲ့ပါသည်။ယခုအခါ ၄င်းအလှူရှင်းများမှပင် ထပ်မံအကုန်အကျခံ၍ အခြားနေရာတွင် ပေ ၁၂၀၀ အနက်ထိတူးဖော်ရန် ဆက်လက်လုပ်ကိုင်လျှက်ရှိပါသည်။ထိုသို့တူးဖော်ရာ ၁၆.၇.၂၀၁၃ နေ့အထိ ပေ ၅၀၀ အနက်သို့ရောက်ရှိနေပါသည်။ ပေ ၁၂၀၀ အနက်သို့တူးဖော်ပြီးရေမရှိခဲ့ပါက ဆက်လက်တူးဖော်ခြင်းမပြုတော့ဘဲ အခြားနည်းလမ်းများဖြင့်သာ လုပ်ဆောင်တော့မည်ဟု ဆ၇ာတော်မှ မိန့်ကြားထားပါသည်။
Labels:
ကဇွန်းမသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment