Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Wednesday, July 17, 2013

SIM ကဒ်လော့ကျခြင်း...

phone တွေမှာ SIM card ကို PIN lock နဲ့ PUK lock ဆိုပြီး အော်တိုလော့နှစ်မျိုးချထားတတ်ပါတယ်...မြန်မာနိုင်ငံမှာ PIN lock ကို 12345 ကို ပုံမှန်အသုံးပြုထားပါတယ်
     နိုင်ငံခြားက ဖုန်းတွေမှာတော့ SIM card တွေမှာ PIN code တစ်ခု အဲမြဲတမ်းထည့်ထားပါတယ် အဲဒါကို ကိုယ်ဘာသာ ပြန်လည် ပြင်နိုင်ပါတယ်။မြန်မာန်ီင်ငံမှာဆိုရင်  မိမိတို့ဖုန်းရဲ့ PUK ကုဒ်ပါတဲ့ ကဒ်အခွံကိုတောင် သိမ်းထားရမှန်းမသိကြပါဘူး (တချို့ကိုသာဆိုလိုသည်)ဆင်းလော့လည်းကျရော ဆိုင်ပြေးကြတော့တာပါပဲ...
     ၁၅၀၀ တန် MEC TEl မှာတော့   PUK ကော PIN ကိုကောခဲခြစ်အဖြစ်ထုတ်ထားတာတွေ့ရပါတယ်..ပြောချင်တာကဗျာ
 SIM lock ကျသွားရင် ဆိုင်ကိုတန်းမပြေးပါနဲ့  လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာ သက်သာပါတယ်
   ဒီနည်းလေးတွေလုပ်ကြည့်သင့်ပါတယ်
 မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့... မြန်မာနိုင်ငံမှာ  ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ပြီးမှ ကိုယ်ပိုင် ကုဒ်ကိုပြင်နိုင်ပါတယ် အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာပဲဖြစ်ပါတယ်..းဒါကြောင့်မလိုအပ်လျှင် မချိန်းတာကောင်းပါတယ် ကိုယ်မှတ်နီင်တယ်ဆိုရင်တော့ ကျွန်တော်ပြောတဲ့နည်းအတိုင်းပြောင်းနိုင်ပါတယ်
   ဒါဆို ဘာလို့  SIM lock ချထားရပါသလဲ ဆိုရင် SIM card ကို မိမိဖုန်းနံပါတ်ကို ပေါ့  အခြားသူ တစ်ဦးဦး က မသမာသောနည်းနဲ့မသုံးနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
   SIM ချထားပါက ထို ဆင်းဒ် ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
အဓိကပြောချင်တာက
SIM lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ
ပြီးမှ ကို ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...

ဟုတ်ကဲ့ ... သိပြီးသားသူများကို မရည်ရွယ်ပါခင်ဗျာ
ဝေလင်းဟန်(အပြတ်ရှင်း)

No comments:

Post a Comment