Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Wednesday, August 28, 2013

သိန်းလေးဆယ်ဆုံးရှုံးခဲ့ပြီးနောက်တူးဖော်သောရေတွင်းတွင်လည်း မအောင်မြင်သဖြင့် သိန်းပေါင်းမျာစွာနစ်နာ






မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမတိုက်နယ်မှာ သောက်သုံးရေရှားပါးမှုကတော့စံချိန်တင်လျှက်ရှိပါတယ်..မိုးတွင်းကာလသို့ရောက်ရှိနေသော်လည်း မိုးကောင်းစွာမရခြင်းကြောင့်... သောက်သုံးရေရှားပါးမှုအပြင် ကောက်ပဲသီးနှံများအတွက်ပါ ခက်ခဲလျှက်ရှိပါတယ်..
နွေရာသီကတည်းက ရေရှားမှုကိုနည်းမျိုးစုံဖြင့်ဖြေရှင်းခဲ့သော်လည်း ယခုတိုင်ပြေလည်မှုမရှိသေးပါ...
ပထမအကြိမ် မန္တလေးမှအလှူရှင်တစ်ဦး၏လှူဒါန်းမှုဖြင့် သာသနာ့ဝိပုလကျောင်းတိုက်ဝန်းတွင် ရေတွင်းတူးဖော်ခဲ့ရာ .. မအောင်မြင်ခဲ့သောကြောင့် သိန်းလေးဆယ်ခန့်ဆုံးရှုံးနစ်နာခဲ့ပါတယ်...ထို့နောက် ၄င်းအလှူရှင်မှပင်မွန်မြတ်သောစေတနာဖြင့် ... ဆက်လက်လှူဒါန်းခဲ့သဖြင့်... နောက်တစ်နေရာတွင် ဆက်လက်တူးဖော်ရာတွင်လည်း ကျစ်ခံသဖြင့် အောင်မြင်ခြင်းမရှိခဲ့ပြန်ရာ ရေတွင်းတူးဖော်သူများပင် ပြန်ထွက်သွားကြပြီဖြစ်ပါသည်။ထို့ကြောင့် ... သောက်သုံးရေအတွက် ဆက်လက်ခက်ခဲလျှက်ရှိပါသည်။ အကြံဥာဏ်ပေးလိုသူများ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ..ဆက်သွယ်ပေးကြပါရန် လေးစားစွာဖြင့်
နိုးဆော်အပ်ပါသည်။

ဦးသူရိယ(ကျောင်းထိုင်ဆရာတော်)--၀၉ ၄၇၂၀၈၆၁၃
ဦးစိန်ဝင်း----------------......-------၀၉၆၅၆၅၄၇၉
ကိုသန်းထွန်းဦး...........................၀၉၄၇၂၂၄၆၂၉

apyatshin@gmail.com
့http://www.kazunmavillager.blogspot.com

No comments:

Post a Comment