Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Monday, September 9, 2013

အမှောင်ထဲတွင်လင်းသောနှင်းဆီပန်းလုပ်နည်း



ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ရဘူးလား…တကယ်လည်း စိတ်ဝင်စားစရာကောင်းပါတယ်…..မနေ့က စာအုပ်တစ်အုပ် ကောက်ဖတ်မိတော့ ဒီလိုလုပ်နည်းလေးကိုတွေ့သွားတာဘဲ့…..ဒီတော့ ရောင်းရင်း တို့ကို ဖောက်သည်ချ ချင်တာနဲ့ ပို့စ် လေးတစ်ခုတင်ပေးလိုက်တာပါ…တကယ်ဟုတ်မဟုတ်တော့ ကျနော်လည်း မစမ်းရသေးဘူး သူက ပုံနဲတကွပြတာဆိုတော့ တကယ် ဟုတ်မယ်ထင်တာဘဲ့ ဘာဘဲ့ဖြစ်ဖြစ် စိတ်ဝင်စားစရာတွေ့ရင် လက်ကမ်းကြိုတတ်တဲ့ ကျနော့ အဖို့တော့ လုပ်ကြည့်ချင်တာတော့ အမှန်ဘဲ့….ရောင်းရင်းတို့လည်း စိတ်ညစ်နေရင် ခေါင်းဆေးလို့ ရတာပေါ့နော့….ကဲ..စလိုက်ရအောင်…..
အမှောင်ထဲတွင် မီးလင်းသော နှင်းဆီပန်းပွင့် လုပ်နည်း….
ပထမအဆင့်
(၁) မီးခြစ်ဆံ ၁ ဗူး…
(၂)မီးခြစ်ဆံ ယမ်းများကို အကုန်လုံး ခြွေပီး ဖန်ခွက်တစ်ခုထဲကိုထည့်..
(၃)ယမ်းထည့်ထားတဲ့ ဖန်ခွက်ထဲကို Alcohol white color အား.ဖန်ခွက်အောက်ခြေမှအပေါ်သို့ တစ်လက်မခန့် ထည့်
(၄)ယမ်းတွေပျော်တဲ့အထိမွေပီးနောက် ထိုရေကို ဆေးထိုးအပ်ဖြင့် စုပ်ရ်ျ နှင်းဆီပန်း ဖတ်အောက်ရှိ ပန်းပွင့်အုံတွင် ပတ်လည် ထိုးပေးပါ. ( သင့်တော် သလောက်သာ ထိုးပါရန် )
ဒုတိယအဆင့်
(၁) Hydrogen Peroxide အားဝယ်ရ်ျ ဆေးထိုးအပ်ဖြင့် စုပ်ယူကာ နှင်းဆီပွင့် ဖတ်များအောက်ဘက်ရှိ ပန်းပွင့် အုံကိုဘဲ့ ပတ်လည်ထိုးပေးပါ..(သင့်တော်သလောက်သာ ထိုးပါရန်)
ခဏအကြာတွင် အမှောင်ထဲတွင် နှင်းဆီပန်းလေးမှာ လင်းလာမည်ဖြစ်ပါသည်။
တတိယအဆင့်..
(၁) ကတ္တီပါ အခင်းအနက် ရောင်လေးတစ်ခု..
(၂) ထို ကတ္တီပါပေါ် တွင် ခုနက နှင်းဆီပန်းလေး တင်ပီး ပါဆယ်ထုပ်ပီး ပို့လို့ရပါပြီ….( မပို့ချင်လည်း ရပါသည်။ )
ဝန်ခံချက်.။ ။ ထိုလုပ်နည်းလေးကို လူနေ စာအုပ်မှ ကောက်နုတ်တင်ပြလိုက်ပါတယ်…

No comments:

Post a Comment