Category 3

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာလေးကိုလာဖို့ဖိတ်ခေါ်ပါတယ်

Friday, January 17, 2014

ကဇွန်းမသတင်းတိုများ

ကဇွန်းမသတင်းတိုများတင်ဆက်ရလျှင်..

ကဇွန်းမ နှင့်ပတ်ဝန်းကျင်ရွာများတွင် ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ဘုရားပုထိုးတော်များကို မသမာသူ လောဘ သမားများမှ ခိုးယူ မှုများ မကြာသေးမီက ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ ခိုးယူသူများအား မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှ  ဖမ်းဆီးရရှိရန်အထူးကြိုးစား လျှက်ရှိကြောင်း သိရှိရပါတယ်


ဆော-ဆိပ်ဖြူလမ်းပိုင်း ကို ကတ္တရာလမ်းအဖြစ်ခင်းကျင်းလျှက်ရှိရာ ယခုအခါ ရွာသာအေးရွာအနီးသို့တိုင် ကတ္တရာလမ်းများခင်းကျင်းပြီးစီးနေပြီဖြစ်ရာ အဆင်ပြေချောမွတ်လျှက်ရှိပါသည်။ ထို့ပြင် ကဇွန်းမ ရွာတွင်လည်း လမ်းဆုံမှ ကတ္တလမ်းများစတင်ခင်းကျင်းနေပြီဖြစ်ရာ မကြာမီ ရွာအတွင်းသို့ ကတ္တရာလမ်းခင်းကျင်ြး့ပီးစီးတော့မည်ဖြစ်ကြောင်းသိရှိရကြောင်းပါ


နှစ်စဉ်ကျင်းပလျှက်ရှိတဲံ မဟာစည် သတိမဌာန်တရားစခန်းပွဲကြီးနီးလာပြီဖြစ်ရာ ကဇွန်းမသာသနာ့ဝိပုလကျောင်းတိုက်တွင် တရားပွဲ၊ဘုရားပွဲ၊ရေမီး၊ ဆွမ်း စသဖြင့် အလှူရှင်များ လှူဒါန်းနေကြပြီဖြစ်ကြောင်းသိရှိရကြောင်းပါ။

No comments:

Post a Comment